Bangkok – Phuket (6 Days & 5 Nights)
ဘန်ကောက် – ဖူးခက် ၅ ည ၆ ရက် ခရီးစဥ်
ပထမနေ့
ရန်ကုန်မှ သုဝဏဘူမိလေဆိပ်သို့ လေယဥ်ဖြင့် စတင်ထွက်ခွာပါမည်။ ဟော်တယ်တွင် ခေတ္တ အနားယူပါမည်။
Bangkok ညရဲ့ အလှအပကို လွတ်လပ်စွာခံစားရင်း ဟော်တယ်တွင် အိပ်စက်အနားယူပါမည်။
ဒုတိယနေ့
ဟော်တယ်တွင် နံနက်စွာ သုံးဆောင်ပြီးနောက် နှစ်ပေါင်း ၉၀၀ ခန့်ရှိပြီး ၁၅ ပေ ရှည်ပြီး ၅ တန်ခွဲ အလေးချိန်ရှိ ကာ ၈၃% ရွှေဖြင့်ပြုလုပ်ထားတဲ့ Wat Traimit သို့ သွားရောက်လည်ပတ်ပါမည်၊၊ ထိုင်းနိုင်ငံရဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့ Wat Arun နှင့် ရှေးကျပြီး ထိုင်းငံရဲ့ လျောင်းတော်မူ Wat Po သို့ သွားရောက်လည်ပတ်ပါမည်၊၊ ထို့နောက် ဟော်တယ်သို့ ပြန်လာပြီး အိပ်စက်အနားယူပါမည်။
တတိယနေ့
နံနက်စာ စားပြီးနောက် Phuket သို့ လေဆိပ်ဖြင့်ထွက်ခွာပါမည်။ Guide မှ လာကြိုပြီး ဟော်တယ်တွင် check in ဝင်ပြီး ခေတ္တအနားယူပါမည်။ ဖူကတ်စီးတီး၏ ရှုခင်းခရီးစဉ်ကို စတင်ကြည့်ရှုပါမည်။ ပတ်တန်၊ ကာတန်၊ ကာတာနှင့် ရာဝိုင်တို့မှတစ်ဆင့် ကမ်းခြေလမ်းများတစ်လျှောက် ကျွန်း၏ သဘာဝအလှကို ခံစားနိုင်ပါသည်။ ဆွဲ ဆောင်မှုရှိတဲ့ ဆီနို-ပေါ်တူဂီ ပုံစံ အဆောက်အအုံတွေကို ကြည့်ရှု့နိုင်ပါသည်။ Wang Thalang Lapidary ကျောက်မျက်ရတနာစက်ရုံ ၊ လည်ပတ်ကြည့်ရှုပြီး ဖူကတ်မြို့ရဲ့ အလှပဆုံးနဲ့ နာမည်ကျော်တဲ့ ဘုန်းကြီးကျောင်း၊ ညနေ နေဝင်ချိန်ကို Phromthep Cape တွင် ကြည့်ရှု့ခံစားပြီး ဟော်တယ်တွင် အိပ်စက်အနားယူပါမည်။
စတုတ္တနေ့
ဟိုတယ်တွင် နံနက်စာစားပြီး Phi Phi ကျွန်းသို့ လှေဖြင့်ထွက်ခွာပါမည်။ တောက်ပ ကြည်လင်ပြီး လန်းဆန်း သန့်ရှင်း တဲ့ လေကိုရှုရှိုက်ပြီး Phi Phi ကျွန်းပေါ်တွင် ရေကူးခြင်း ၊ ရေငုပ်ခြင်းများ ပြုလုပ်ပြီး ဟော်တယ်သို့ ပြန်လာကာ အနားယူအိပ်စက်ပါမည်။
ပဥ္စမနေ့
နံနက်စာ စားပြီးနောက်ဟော်တယ်တွင် ခေတ္တ အနားယူပြီး check out လုပ်ပါမည်။ ထို့နောက် Phuket လေဆိပ်မှ ဘန်ကောက်သို့ ပြန်လာပြီး Yangon သို့ပြန်လာပါမည်။














