Best of Cambodia: Siem Reap to Phnom Penh (5 Days 4 Nights)
ရန်ကုန်မှ လေယဥ်ဖြင့် စတင်ထွက်ခွာလာပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသမှာ တည်ရှိတဲ့ ချစ်စရာကောင်း တဲ့ SIEM REAP ကိုရောက်ပြီးဟိုတယ်ကို check in ဝင်ပါမည်။ ခေတ္တအနားယူပြီးနောက် ကျော်ကြားတဲ့ အန်ကော်ဝပ် ဗိမာန်တော်အဆောက်အအုံကို လည်ပတ်ပြီး Siem Reap ရဲ့ စည်ကားတဲ့ ညဈေးကို လျောက်ပတ်ကာ ဒေသ အစားအစာကို သုံးဆောင်ကာ ဟိုတယ်သို့ ပြန်လာပြီး အိပ်စက်အနားယူပါသည်။
Day 02: Angkor Highlights
ဟိုတယ်မှာ နံနက်စာစားပြီးနောက် ဘုရင်ဂျေယာဗာမန် ၂ တည်ဆောက်ခဲ့တဲ့ ခမ်းနားထည်ဝါပြီး ဗိသုကာလက်ရာတစ်ခု ဖြစ်တဲ့ Angkor Thom ကိုသွားရောက် လည်ပတ်ပါမည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံးဖြစ်သည့် Bayon Temple တွင် ခဏတာ ရပ်နားကြည့်ရှု့ပြီး တော်ဝင်အန်ကော်သောမ်၏ တော်ဝင်ရင်ပြင်တွင်တည်ရှိပြီး ထူးခြားသော ကျောက်လှေ ကား တစ်ခုဖြစ်သည့် Leper King တွင်လည်း အလှဓာတ်ပုံရိုက်ပါမည်။ ထို့နောက် ဘုရင်အတွက် ချီတက်ပွဲများ၊ ဖျော်ဖြေ ပွဲများနှင့် ရိုးရာအားကစားပွဲများကို ကြည့်ရှုသည့် ပြခန်းအဖြစ် မူလက အသုံးပြုခဲ့သော ဆင်တဲတော်သို့ လည်ပတ်ကြပါမည်။ လှေကား၏ တောင်ဘက်စွန်း ၁၁ ရာစုတွင် အူဒီတာယာဗာမန် ၁ လက်ထက်တွင် တည်ဆောက်ထားသော အန်ကော်မြို့ရှိ အလှပဆုံးဗိမာန်တော်တစ်ခုဖြစ်သည့် ဗာဖွန်းမြို့ရှိတောထဲမှာ အထီးကျန်စွာတည်ရှိတဲ့ တာပိုဟမ်စေတီကိုလည်းလည် ပတ်ကြပါမယ်။ ဗိမာန်တော်ရဲ့ ကျောက်တုံးကြီးတွေကြားမှာ တွယ်နေတဲ့သစ်ပင်တစ်ပင်ရဲ့ ခမ်းနားထည်ဝါတဲ့ အမြစ်တွေက ထာဝစဉ်မှတ်မိနိုင်တဲ့ ခံစားချက်တွေကို ရရှိစေမှာဖြစ်ပါတယ်။ ပြီးတော့ကမ္ဘာ့အကြီးဆုံးဘာသာရေး အဆောက်အအုံ ဖြစ် သည်ဟု ယူဆရပြီးဝတ်ပြုရာအိမ်တော် အားလုံးရဲ့မိခင်ဖြစ်တဲ့ အန်ကောဝပ်သို့ သွားရောက်လည်ပတ်ပါမည်။ ဟိုတယ်သို့ ပြန်လာပြီး အိပ်စက် အနားယူပါမည်။
Day 03 : Siem Reap to Phnom Penh
နံနက်စာစားပြီးနောက် အရှေ့တောင်အာရှရှိ ရေချိုကန်ကြီးဖြစ်ပြီး တန်လီဆပ်မြစ်နှင့် ဆက်သွယ်ထားပြီး ဖနွမ်းပင်မြို့ရှိ မဲ ခေါင်မြစ်နှင့်ဆုံပြီး မြန်မာနိုင်ငံအင်းလေးဒေသကို ရောက်သွားသည့်အလား ထင်မှတ်ရစေမည့် Tonle Sap Lake ကို သွား ရောက်လည်ပတ်ပါမည်။ လှေစီးပြီးတဲ့နောက် Siem Reap ရဲ့ ရထားဘူတာရုံကို သွားပြီး ရထားလည်းစီးလည်း Phnom Penh ကို သွားပါမည်။ Phnom Penh ကို ရောက်တာနဲ့ Car Driver မှလာကြိုပြီး ဟိုတယ် Check in ဝင်ပြီး အိပ်စက်အနား ယူပါမည်။
Day 04 : Phnom Penh’s Past 7 Present
ဟိုတယ်တွင် နံနက်စာစားပြီးနောက် ၁၈၆၆ခုနှစ်တွင် ဘုရင်နောရိုဒမ်၏ ယခင်က တည်ဆောက်ခဲ့သော တော်ဝင်နန်းတော် အဆောက်အအုံသို့ လည်ပတ်ပါမည်။ နန်းတော်သည် ရောင်စုံခမာပုံစံ ဗိသုကာပညာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိပြီး ဖနွမ်းပင်တွင် အထင်ရှားဆုံး အသွင်အပြင်ဖြစ်သည့် တော်ဝင်နန်းတော် နှင့် ကပ်လျက်ရှိပြီး အီမာရယ်လ် ဗုဒ္ဓကျောင်းတော် ဟုလည်း လူသိများပြီး စိန်၊ မြ၊ ရွှေ နှင့် ငွေ တို့ဖြင့် အလှဆင်ထားသော ဗုဒ္ဓရုပ်တု အမြောက်အမြားကို ပြသထား Silver Pagoda ကို သွားရောက် လည်ပတ်ပါမည်။
ပြီးလျှင် ပြင်သစ် ကိုလိုနီအုပ်ချုပ်မှုမှ ကမ္ဘောဒီးယား၏ လွတ်လပ်ရေး ကို အမှတ်တရ ကျင်းပရန် ၁၉၅၄ ခုနှစ်တွင် တည် ဆောက်ခဲ့သော လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်သို့ ဆက်လက် လည်ပတ်ပါမည်။ ဗဟိုအချက်အချာကျပြီး မြို့မဈေးဟု လူသိများသည့် ဖာဆာသမီသို့ လည်ပတ်ပါမည်။ ထို့နောက်တောင်ပေါ်တွင် တည်ရှိသော ဗုဒ္ဓဘာသာဗုဒ္ဓ ကျောင်းတော်တစ်ခုဖြစ်သည့် ဝေါတ် ဖနုံမြို့သို့ ဦးတည် သွားမည် ဖြစ်ပြီး ဖနွမ်းပင်အမည်ကို အထိမ်းအမှတ် ပြုထားသော တောင်ပေါ်တွင် တည်ရှိသောဗုဒ္ဓဘာသာ ကျောင်းတော် တစ်ခုဖြစ်ပြီး ဒဏ္ဍာရီအရ ၁၃၇၂ ခုနှစ်တွင် မဲခေါင်မြစ်ရေပြင်တွင် Lady Penh ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓရုပ်တုလေးခုကို တည်ဆောက်ခဲ့သည်။ ဒေသခံတွေ လာကစားဖို့၊ ကံကောင်းဖို့ ဆုတောင်းပြီး အံ့ဩစရာကောင်းတဲ့ နေဝင်ပွဲကို ကြည်ညို လေးစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဟိုတယ်သို့ ပြန်လာပြီး အိပ်စက် အနားယူပါမည်။
Day 05 : Phnom Penh Departure
ဟိုတယ်တွင် နံနက်စာစားပါမည်။ ခေတ္တအနားယူပြီးနောက် ဈေးဝယ်ထွက်ပါမည်။ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းတဲ့ ဖနောပင်မြို့ ကိုနှုတ်ဆက်ပြီး ရန်ကုန်သို့ ပြန်လာပါမည်။














