Magical Bangkok (4 Days & 3 Nights)

Day 01: ရန်ကုန်မှ လေယဥ်ဖြင့် ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပြီး ဟော်တယ်တွင် Check in ဝင်ပါမည်။ ထို့နောက် ဘန်ကောက်ကမ်းရိုးတန်းတစ်လျှောက်ရှိ သမိုင်းဝင်အမှတ်အသားများကို ကြည့်ရှု့ပြီး သင်္ဘောပေါ် တွင် live ဖျော်ဖြေမှုများကို ခံစားရင်း ဘန်ကောက်မြစ်ကမ်းခြေနဲ့ အရသာရှိတဲ့ ထိုင်းညစာကို စားပြီးဟော်တယ်တွင် ညအိပ်ပါမည်။

Day 02: ဟော်တယ်တွင် နံနက်စာ စားပြီးနောက် ဘန်ကောက်မြို့ရဲ့ အလှပ ကို ကြည့်ရှု့ခံစားရင်း Wat Traimit Withayaram Worawihan လို့လူသိများတဲ့ ရွှေဘုရားသို့ သွားရောက်လည်ပတ်ပါမည်။ မာဘယ်လ် စေတီတော်၏အမည်ဖြင့်လည်း လူသိများသည့် Wat Benchamabophit Dusitvananam ၊ အဏ္ဏဝါ တိရစ္ဆာန်အမျိုးမျိုးကို တွေ့မြင်နိုင်ပြီး ပျော်စရာကောင်းပြီး ပင်လယ်ထဲ့ ရောက်သွားသလို ခံစားရစေမဲ့ ဘန်ကောက် Sea life ၊ Madame Tussauds ဖယောင်းပြတိုက်သို့ လည်ပတ်ကြည့်ရှုပြီး နာမည်ကျော် ပုဂ္ဂိုလ်များ၏ ဖယောင်းရုပ်တုအမျိုးမျိုးကို မြင်တွေ့ရ၍ ပျော်ရွှင်စွာ ကြည့်ရှု့ခံစားပြီး ဟိုတယ်ကို ပြန်လာပြီး ညအိပ်ပါမည်။

Day 03: ဟိုတယ်တွင် နံနက်စာစားပြီးနောက် ဘန်ကောက်ရှိ ဆာဖာရီ ကမ္ဘာ့တွင် သင်ချစ်မြတ်နိုး ရသူ များ နှင့်အတူ သားရိုင်းတိရစ္ဆာန်များနှင့် ကျားနှင့် ခြင်္သေ့ကျွေးသည့်ပြပွဲများကို ကြည့်ရှု့ခံစားပြီး နေ့လယ် စာပြီးနောက် Zebras, orangutans, dolphins, elephants, စသည့် တိရစ္ဆာန်များကို ကြည့်ရှု့ခံစားပြီး ဟိုတယ်ကို ပြန်လာပြီး ညအိပ်ပါမည်။

Day 04: ဟိုတယ်တွင် နံနက်စာ စားပါမည်။ ထို့နောက် ခေတ္တအနားယူပြီးနောက် Check out လုပ်ပြီး ရန်ကုန်သို့ပြန်လာပါမည်။