South and North Vietnam (6 Days 5 Nights)
Day 01: Arrival Hochimin City – Vietnam
ရန်ကုန်မှ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းသို့ လေယဥ်ဖြင့်ထွက်ခွာလာပါမည်။ သမိုင်းကြွယ်ဝပြီး လူစည်ကားတဲ့ ဟိုချီမင်းမြို့ရဲ့ ညအလှပကို ခံစားရင်း ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Day 2: Ho Chi Minh City Tour – Cu Chi Tunnels
ဟိုတယ်တွင် နံနက်စာ စားပြီးနောက် ဟိုချီမင်မြို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးကို စတင်ပါမယ်။ ၁၉ ရာစုတွင် ပြင်သစ်တို့တည်ဆောက်ခဲ့သော နီယို-ရိုမန်ဘုရားကျောင်း ဗိသုကာပညာ၏ အံ့ဖွယ်ပုံနမူနာတစ်ခုဖြစ်သည့် နောထရာ ဒမ် ဘုရားရှိခိုးကျောင်းသို့ လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် ဂူစတာဗ် အိုက်ဖဲလ်က ဒီဇိုင်းဆွဲခဲ့သော သမိုင်းဝင် ဗဟိုစာတိုက်ရုံ:ကိုသွားရောက်လည်ပတ်ပါမည်။ ဗီယက်နမ်နှင့် နိုင်ငံခြားခရီးသည်များအတွက် ရေပန်းစားသောနေရာဖြစ်သော ကျူချီဥမင်လိုဏ်ခေါင်းသို့ သွားရောက်လည်ပတ်ပါမည်။ ဟိုတယ်သို့ပြန်လာပြီး အနားယူအိပ်စက်ပါမည်။
Day 3 : Mekong Delta / River Boat Trip / Flight to Hanoi
နံနက်စာစားပြီးနောက် ဟိုချီမင်းမြို့ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာ ကွာဝေးတဲ့ တိယန်ဂျင်းပြည်နယ် My Tho သို့ သွားရောက်လည်ပတ်ပါမည်။ အုန်းသီး သကြားလုံးနဲ့ ပျားမွေးမြူရေးစတဲ့ ရိုးရာလက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ ထိုံနောက် The Vinh Trang Pagoda သို့ မဲခေါင်မြစ်တစ်လျှောက် လှေစီးသွားရမည်ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် ရှု့ခင်းများနှင့် ဗိသုကာပညာပြောင်မြောက်တဲ့ ပန်းပုလက်ရာတွေကို သွားရောက်ကြည့်ရှု့လေ့လာပါမည်။ ပြီးနောက် ဟနိုင်း လေဆိပ်သို့ လေယဥ်ဖြင့် ထွက်ခွာလာပြီး ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
Day 4: Halong Bay with overnight on a cruise
ဟိုတယ်မှာ နံနက်စာစားပြီးတဲ့နောက် ဟလောင်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် သာယာစိမ်းလန်းပြီး ကျေးလက်ဒေသရဲ့ အငွေ့အသက်ကို ကြည့်ရှု့ခံစားရင်း ဆိပ်ကမ်း သို့ ရောက်ရှိပြီး ကမ္ဘာ့ အမွေအနှစ် နေရာ တစ် ခု ဖြစ် သော ၊ အံ့ဖွယ် ဟလောင်းပင်လယ်အော် ရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေကို ရှူရှိုက်ပြီး နေ့လယ်စာကို ရေယဥ်ပေါ်တွင် နေ့လည်စာကိုသုံးဆောင်ပါမည်။ ဥမင်လိုဏ်ခေါင်းကို လည်ပတ်ပြီး ဟလောင်းပင်လယ်အော်တွင် ရေကူးရင်း ညနေစာကို ရေယဥ်ပေါ်တွင် သုံးဆောင်ပါမည်။ ထို့နောက် ဟလောင်း ပင်လေအော် ရဲ့ သာယာလှပတဲ့ ညနေခင်းအလှကို ခံစားရင်း ရေယဥ်ပေါ်တွင် အိပ်စက်အနားယူပါမည်။
Day 05: Halong Bay Cruise – Hanoi
မနက်စာကို ရေယဥ်ပေါ်တွင် သုံးဆောင်ရင်း ပင်လယ်ပေါ်မှထွက်ပေါ်လာသော နေအထွက်ကို ကြည့်ရှု့ရင်း ငါးဖမ်းရွာတစ်ရွာကို သွားလည်ပတ်ပြီး တံငါသည်တွေရဲ့ နေ့စဥ်ဓူဝ လှုပ်ရှားမှုများကို လေ့လာကြည့်ရှုနိုင်ပါတယ်။ လှေပေါ်မှာ နေ့လယ်စာစားပါမယ်။ အဲဒီကနေ ဟာနွိုင်ကို ပြန်လာပြီး ဟနိုင်းမြို့ရဲ့ ညနေခင်းအလှ, ဈေးဆိုင်များကို လျှောက်ကြည့်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Day 6: Departure from Hanoi
မနက်စာပြီးနောက် ဟနိုင်းမှ ရန်ကုန်သို့ လေယာဥ်ဖြင့်ပြန်လာပါမည်။

















